Our Location
အမှတ် ၆၉၄၊ ၇၂ လမ်း၊
၃၉ လမ်းနှင့် ၄၀ လမ်းကြား၊ မန္တလေးမြို့။
09258095958
Of experience in business service
ကျွန်တော်တို့ဟာ တရုတ်နိုင်ငံမှ အရည်အသွေးမြင့် ကုန်ပစ္စည်းများကို တိုက်ရိုက်ဝယ်ယူလိုသူ မိတ်ဆွေများအတွက် ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုကို ပေးမဲ့ အဝယ်တော်များဖြစ်ပါတယ်။ လက်ကားဝယ်ယူခြင်း ဖြစ်စေ၊ တစ်နိုင်တစ်ပိုင်ဖြစ်စေ မိတ်ဆွေတို့အတွက် - တရုတ်ကုန်သည်များနဲ့ ချိတ်ဆက်ပေးခြင်း၊ ပစ္စည်း အော်ဒါတင်ပေးခြင်း၊ ငွေပေးချေခြင်းတို့အပြင် မိတ်ဆွေရဲ့ ဂိုထောင်ထဲ ပစ္စည်းရောက်သည်အထိ ချောမွေ့စွာ ပို့ဆောင်ပေးလျက်ရှိပါတယ်ခင်ဗျာ။
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ နိုင်ငံရပ်ခြားကနေ စက်ပစ္စည်းတွေ မှာယူတဲ့အခါ ရိုးရှင်းလွယ်ကူဖို့၊ ယုံကြည်စိတ်ချရစေဖို့နဲ့ လူတိုင်း ချိုသာတဲ့ နှုန်းထားနဲ့ ဝယ်ယူနိုင်စေဖို့ ဖြစ်ပါတယ်။ မိတ်ဆွေတို့ တရုတ်ပြည်ကနေ ဈေးဝယ်ယူတဲ့အခါ လွယ်ကူအဆင်ပြေစေဖို့ ကျွန်တော်တို့ရဲ့ အဝယ်တော် အတွေ့အကြုံတွေကို အသုံးပြုပြီး အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ကြောင်း အာမခံနိုင်ပါတယ်။
ဝန်ဆောင်မှုများ
Email us any inquiries
info@luckysantun.com
Call us anytime
09258095958
မိတ်ဆွေတို့ ဝယ်ယူလိုတဲ့ ပစ္စည်းအမျိုးအစားအကြောင်း ကျွန်တော်တို့ဆီကို Email ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်သလို တရုတ် ဝက်(ဘ) ဆိုက်များမှာလည်း ကိုယ်တိုင် ရှာဖွေနိုင်ပါတယ်။
Lucky San Tun မှာ ကုန်ပစ္စည်း စစ်ဆေးခြင်း၊ ဝယ်ယူမှု စာချုပ်ချုပ်ဆိုခြင်းနဲ့ ဈေးနှုန်း နှိုင်းယှဉ်ခြင်း တို့အပါအဝင် တရုတ်ပြည်မှ ပစ္စည်းမှာယူတဲ့အခါ ပါဝင်တဲ့ လုပ်ငန်းစဉ် အဆင့်တိုင်းအတွက် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
သင်္ဘောလိုင်း၊ လေကြောင်းလိုင်း များစွာနဲ့ ချိတ်ဆက် အလုပ်လုပ်လျက်ရှိတဲ့အပြင် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံစလုံးအတွက် အကောက်ခွန် ရှင်းလင်းရေး (Customs Declaration) လုပ်ငန်းစဉ်များကိုလည်း မိတ်ဆွေအတွက် ဆောင်ရွက်ပေးပါတယ်။
ဖော်ပြပါ အဆင့်များကို လိုက်နာခြင်းဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပစ္စည်းများ ဝယ်ယူပို့ဆောင်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ပစ္စည်းရွေးချယ်ခြင်း - မိတ်ဆွေဝယ်ယူလိုတဲ့ ပစ္စည်းကို ရွေးချယ်ရှာဖွေပါ။ Alibaba, Made-in-China တို့လို အွန်လိုင်းပလက်ဖောင်းတွေက တစ်ဆင့် ကိုယ်တိုင် ဝင်ရောက် ရှာဖွေနိုင်ပါတယ်ခင်ဗျာ။
စျေးနှုန်းညှိနှိုင်းခြင်း - ရောင်းချသူ (supplier) နဲ့ ဈေးနှုန်းညှိနှိုင်းပါ။ ပစ္စည်းအရေအတွက်၊ အရည်အသွေးနဲ့ ပို့ဆောင်ခများကို သေချာစွာ ဆွေးနွေးသင့်ပါတယ်။
ငွေပေးချေခြင်း - ဘဏ်လွှဲငွေ၊ Credit Card (သို့) PayPal စသည်ဖြင့် မိတ်ဆွေတို့ နှစ်သက်ရာ နည်းလမ်းနဲ့ ငွေပေးချေနိုင်ပါတယ်ခင်ဗျာ။
ပို့ဆောင်မှုနည်းလမ်း - ကြာချိန်ပိုနိုင်ပေမဲ့ ပစ္စည်းများများကို စရိတ်သက်သာစွာ ပို့ရန် - ရေကြောင်း၊ ကုန်ကျစရိတ် မြင့်ပေမဲ့ အရေးကြီးပစ္စည်းတွေကို အမြန်ဆုံး ပို့ရန် - လေကြောင်း၊ မြန်မာ - တရုတ် နယ်စပ်ဂိတ်တွေကတစ်ဆင့် ပို့ပေးရန် - ကုန်းကြောင်း စသည်ဖြင့် မိတ်ဆွေတို့ရဲ့ လိုအပ်ချက်အလိုက် နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်ခင်ဗျာ။
ပို့ဆောင်မှု ကုမ္ပဏီ ရွေးချယ်ခြင်း - မိတ်ဆွေတို့ ယုံကြည်စိတ်ချရတဲ့ ပို့ဆောင်မှု လုပ်ငန်း (cargo) တွေအပြင် DHL, FedEx, UPS စတဲ့ နိုင်ငံတကာကုမ္ပဏီများကိုလည်း ရွေးချယ် အသုံးပြုနိုင်ပါတယ်။
အကောက်ခွန်လုပ်ငန်းစဉ် - မြန်မာနိုင်ငံသို့ ပစ္စည်းရောက်ရှိတဲ့အခါ ကုန်ပစ္စည်းအမျိုးအစားအပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ အကောက်ခွန်လုပ်ငန်းစဉ်များကို လုပ်ဆောင်ရပါမယ်။
စာရွက်စာတမ်းများ - ကုန်သွယ်မှုလိုင်စင်၊ ပစ္စည်းစာရင်း (Packing List)၊ အကောက်ခွန် ကြေညာလွှာ (Declaration) စသည်ဖြင့် ပစ္စည်းတင်သွင်းမှုအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ထားရပါမယ်။
ပစ္စည်းစစ်ဆေးခြင်း - မှာယူထားတဲ့ ပစ္စည်း ရောက်လာတဲ့အခါ အရေအတွက်၊ ပျက်စီးမှု ရှိ/မရှိ စတဲ့ အချက်တွေကို စစ်ဆေးပါ။
အခွန်ပေးဆောင်ခြင်း - ပစ္စည်းများအတွက် အခွန်အခ ပေးဆောင်ပါ။
ပစ္စည်းပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်း - အကယ်၍ ပစ္စည်းပျောက်ဆုံးခြင်း/ပျက်စီးခြင်း ရှိပါက ပို့ဆောင်ရေးကုမ္ပဏီကို ချက်ချင်းဆက်သွယ်ပြီး (အာမခံထားရှိပါက) လျော်ကြေးတောင်းခံပါ။
ပစ္စည်းလက်ခံရယူခြင်း - ပစ္စည်းများကို လက်ခံရယူပြီး လိုအပ်ပါက အကောက်ခွန်ဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ပါ။
ပစ္စည်းများကို အသုံးပြုခြင်း သို့မဟုတ် ရောင်းချခြင်း- ပစ္စည်းများကို လက်ခံရယူပြီးပါက စတင် အသုံးပြုနိုင်၊ ရောင်းချနိုင်ပါပြီခင်ဗျာ။
တရုတ်ကနေ ပစ္စည်းမှာချင်လို့ပဲဖြစ်ဖြစ်၊ ပို့ဆောင်ခတွေအကြောင်း သိချင်လို့ပဲဖြစ်ဖြစ်၊ မှာထားတဲ့ အော်ဒါအတွက် အကူအညီလိုလို့ပဲဖြစ်ဖြစ်—ကျွန်တော်တို့ဆီကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
Get Quotationတရုတ်နိုင်ငံမှ ပစ္စည်းမှာယူပုံ၊ ပို့ဆောင်ခနှုန်းထားများ (သို့) မှာယူထားသော အော်ဒါများနှင့် ပတ်သက်၍ သိရှိလိုသည်များရှိပါက ကျွန်တော်တို့ကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
အောက်ဖော်ပြပါ အချက်အလက်များမှတစ်ဆင့် ကျွန်ုပ်တို့ထံ အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။ လူကြီးမင်း၏ အော်ဒါများနှင့် သိလိုသမျှ မေးမြန်းချက်များကို ကူညီဖြေကြားပေးရန် ကျွန်ုပ်တို့ အသင့်ရှိနေပါသည်။
အမှတ် ၆၉၄၊ ၇၂ လမ်း၊
၃၉ လမ်းနှင့် ၄၀ လမ်းကြား၊ မန္တလေးမြို့။
09258095958
info@luckysantun.com
saisanmain7@gmail.com
Have a question or need help? Send us a message—we’ll respond as soon as possible.